အထက်မင်းလှ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်ကျေးရွာရှိ မြသပိတ်စေတီတော်ကြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရန် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ချ အခမ်းအနားနှင့် မြသပိတ်စေတီတော်ကြီးအား မြန်မာရွှေ (၁၆) ပဲရည်ပြည့် ရွှေဆိုင်း (၈၀၀) ဆက်ကပ်လှူဒါန်းရန် ပထမအကြိမ်အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မလွန်မြသပိတ်စေတီတော်ကြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ချခြင်း အခမ်းအနားကို ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် တပ်နယ်မှူး(မလွန်)မှ ဗိုလ်မှူးကြီးရွှေမြ၏ ဦးဆောင်မှုဖြင့် ဒုတိယဗိုလ်မှူးကြီး နေမင်းထက် တပ်မတော်အကြီးစား စက်ရုံမလွန်စက်ရုံမှူးနှင့် အရာရှိ အရာခံများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်-၁ ဗိုလ်မှူးမြတ်သူ၊ စစ်လက်နက်ပစ္စည်းစက်ရုံ (၉၄၉)မှ ဗိုလ်မှူးပြည့်ဖြိုးကျော်၊ မလွန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဆောင်ရွက်ခဲ့သည်။
ထို့နောက် မလွန်မြသပိတ်စေတီတော်မြတ်ကြီးအား မြန်မာရွှေ ၁၆ ပဲရည်ပြည့်ရွှေဆိုင်း (၈၀၀) ဆက်ကပ်လှူဒါန်းရန် အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တပ်နယ်မှူး(မလွန်)မှ ဗိုလ်မှူးကြီး ရွှေမြနှင့်ဇနီး ဒေါ်တင်တင်သောင်းတို့မှ အလှူငွေကျပ်သိန်း (၅၀) နှင့် ဌာပနာအတွင်းပူဇော်ရန် စိန်လက်စွပ်တစ်ကွင်းတို့အား လှူဒါန်းခဲ့ပြီး၊ ဒုတိယဗိုလ်မှူးကြီး နေမင်းထက်၊ တပ်မတော်အကြီးစားစက်ရုံ မလွန်စက်ရုံမှူးနှင့် အရာရှိ အရာခံများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မလွန်ကျေးရွာနှင့် အမြို့မြို့အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက မလွန်မြသပိတ်စေတီတော်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် ပထမအကြိမ်အလှူ ငွေစုစုပါင်း ကျပ်သိန်း (၂၇၈၇၃၀၀၀) အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)