ကလေးမြို့တွင် အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

ကလေး ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကားကြီးဝန်းရှေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန် (၁) ပြည်၊ ဆီ (၁၀) ဆယ်သားကို စုစုပေါင်း (၃၅၀၀) ကျပ်နှုန်းဖြင့် နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ အပတ်စဉ် ရောင်းချပေးသွားရာ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။ 

ထို့သို့ ရောင်းချပေးရာတွင် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့် တာဝန်ရှိသူများမှ  ပြည်သူများ အေးချမ်းစွာ ဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)