မော်လမြိုင်ကျွန်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံကာ အ-ထ-က(၂) ကျောင်းသူလေးများက မြန်မာ့အားကစားသီချင်းဖြင့်က ပြဖျော်ဖြေခြင်း၊ ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က မြို့နယ်ဘောလုံးဆပ်ကော်မတီသို့ ဘောလုံးများပေးအပ်ခဲ့ပြီး အခမ်းအနားအားအောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲသို့ ဌာနဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာပေါင်းစုံမှ အားကစားသမားများပါဝင်သည့် အသင်း (၁၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဖွင့်ပွဲအဖြစ် နယ်မြေ (၅- က) အသင်းနှင့် နယ်မြေ (၅ - ခ) အသင်းတို့ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)