တမူး ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃) နာရီခွဲ အချိန်က ဗောဓိတောရကျောင်းတိုက်ရှိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ခရိုင်မီးသတ်ဦးစီးဌာနအသင်းနှင့် ညွန့်ပေါင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ ခရိုင်မီးသတ်ဦးစီးဌာန အသင်းမှ (၂) ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ရှေ့တန်းကစားသမားဆု၊ အလယ်တန်းကစားသမားဆု၊ နောက်တန်း ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား ဆုတံဆိပ် နှင့် ငွေသားဆုများ၊ ဆုဖလားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲကို ဌာနဆိုင်ရာအသီးသီးမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း(၆) သင်းတို့ဖြင့် ဒီဇင်ဘာလ (၂၈)နေ့မှ စတင်၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရတနာ