ပဲခူးမြို့ အ.ထ.က (ခွဲ) ပုဏ္ဏားစုကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ပဲခူး ဇန်နဝါရီ ၅

ပဲခူးမြို့ အ.ထ.က (ခွဲ) ပုဏ္ဏားစုကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်းရှိ ဇောတိကခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ခွဲ)ပုဏ္ဏားစုကျောင်းမှ ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အ.ထ.က(ခွဲ)ပုဏ္ဏားစုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာရီက အဖွင့်အမှာစကားပြောကြားခဲ့သည်။

၎င်းနောက် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပဲခူးမြို့ အ.ထ.က(ခွဲ)ပုဏ္ဏားစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မင်္ဂလာပါ၊ အလှကမ္ဘာမြေ၊ ရောင်ပေစူး၊ ဂျိန်းဖောစသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)