မော်လိုက်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများဆုချီးမြှင့်ပွဲကျင်းပ

မော်လိုက် ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ကျပန်း၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ မွန်းလွဲ(၂)နာရီအချိန်  ပြည်သူ့ အားကစား ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူ များနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများတွင် ဆုရရှိသူများကို အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကျပန်း၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ခဲ့ကြကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို မြိုနယ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)