ရွှေတောင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေးသင်တန်းဖွင့်လှစ်

ရွှေတောင် ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်တားဆီးရေးသင်တန်းကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ အေးချမ်းဝင်းကတိရစ္ဆာန် ကူးစက်ရောဂါကာကွယ်တားဆီးရေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ကူးစက်ရောဂါ (၄) မျိုး (ကျွဲ/နွား)၊ ဒေါင့်သန်း၊ ပေါင်ပုပ်လက်ပုပ်၊ လည်ချောင်းကွဲ၊ ခွာနာလျှာနာများကို ကျေးရွာ၊ ရပ်ကွက်တွင်းရှိ ကျေးလက်နေမွေးမြူးရေးသမားများအား ကူးစက်ရောဂါနှင့် ပတ်သက်၍ ဗဟုသုရရှိစေရန်၊ ရရှိလာသည့် အသိပညာများအား လိုက်နာဆောင်ရွက်တက်စေရန်၊ ကာကွယ်ဆေးထိုးခြင်း အလေ့အထများ ရရှိလာစေရန်၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ခြင်းအား သိရှိစေရန်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ သင်တန်းများသည် မွေးမြူသူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များသိရှိစေပြီး တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်မွေးမြူသူအဖြစ် စိတ်ပါဝင်စားလာစေရန် စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို (၅-၁-၂၀၂၄)မှ (၆-၁-၂၀၂၄) ထိ( ၂ )ရက် သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၂၁) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)