မင်းလှ ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲချိန်က ကျင်းပပြုလုပ်သည်။
စုံညီပွဲတော်ကို ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော်ဒို့နွဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားသည်။
မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်အေးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်/ ခရိုင်/ တိုင်းအဆင့် စွမ်းရည်ဆု၊ စာပေဆု၊ လူရည်ခွန်ရရှိသော ကျောင်းသား/ သူများနှင့် မြို့နယ်အဆင့် ဘက်စုံအားကစားဆုရရှိသော ကျောင်းသား/ သူများ၊ သန့်ရှင်း၍ စိမ်းလမ်းစိုပြည်သော ကျောင်းဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိများတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုပေါင်း (၁၂၀) ကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဇာတိမာန်သီချင်းသီဆို၍ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စ