ညောင်တုန်း ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်၍ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသော တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း အဖွင့်အမှာစကားပြောကြားပြီး (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဌဖလား အားကစား ပြိုင်ပွဲအထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)