မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ ၅

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ရရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း စီမံခန့်ခွဲရေးကဏ္ဍများကို ထူးချွန်ထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးများတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ စီးပွားရေး၊ စက်မှုလက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်များတွင် ထူးချွန်ခဲ့သော သူများ၊ နိုင်ငံ့တာဝန်ကို ထူးချွန်စွာဖြင့် ထမ်းဆောင်ခဲ့သူများ၊ လူမှုရေး၊ ခေတ်မီစံပြကျေးရွာနှင့် သုတေသနလုပ်ငန်းဆိုင်ရာမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသောသူ အားလုံးကို ယခုကဲ့သို့ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဖြစ်ကြောင်းနှင့် ဆုရရှိသူများအနေဖြင့်လည်း မကွေးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ကြိုးစား ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ တိုင်းဒေသကြီးအဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူ လေးများကလည်း သီချင်းပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စီမံခန့်ခွဲရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၂၆)ဆု၊  တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၉၅)ဆု၊ စီးပွားရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု (၂)ဆု၊ စက်မှုလက်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁)ဆု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၃)ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၄ဝ)ဆု၊ လူမှုရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု (၉)ဆု၊ ခေတ်မီစံပြကျေးရွာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁)ဆု၊ သုတေသနလုပ်ငန်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁)ဆု၊ ပညာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁)ဆု၊ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၃)ဆု၊ စိုက်ပျိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁၉)ဆုနှင့် မွေးမြူရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁)ဆု၊ စုစုပေါင်း (၂ဝ၂)ဆုအား  ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)