ဝါးခယ်မ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ထွန်းမေတ္တာဖူဆယ်ဘောလုံးကွင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားတွင် စစ်ကြောင်းမှူးမှ အားကစားအသင်းများအား ကွင်းအတွင်းနေရာယူခြင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုပြီး ဘောလုံးပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ ပထမဆုရရှိသော နယ်မြေ(မြို့မ-က) ကိုယ်စားပြုအသင်းကို ဆုငွေ(၅)သိန်းနှင့် ပထမဆုဖလားဒိုင်းဆုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ချီးမြှင့်ခြင်း၊ ဒုတိယဆုရရှိသော နယ်မြေ (၁၀) ကိုယ်စားပြု အသင်းကို ဆုငွေ(၃)သိန်းနှင့် ဒုတိယဆုဖလားဒိုင်းဆုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးဝေလင်းမှ ချီးမြှင့်ခြင်း၊ တတိယဆုရရှိ သော နယ်မြေ(၅) ကိုယ်စားပြုအသင်းအား ဆုငွေ(၂)သိန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)