အမာမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

အမာ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ညနေ နာရီ အချိန်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလွတ်တန်း‌ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲတွင် ပွဲကျင်းပရေးကော်မတီက ပြိုင်ပွဲစည်းကမ်းများကို ဖတ်ကြားပေးခဲ့ပြီး ဘောလုံးအသင်း‌ ခေါင်းဆောင်းများထံ ‌ပွဲစဉ်ဇယားများ ပေးအပ်ခဲ့ပြီးနောက် ဘောလုံးပြိုင်ပွဲကို ကံကြီးဘအေးအသင်းနှင့် ဂေါ်ဒူ (က) အသင်းတို့က စတင်ယှဉ်ပြိုင်ကစား ခဲ့ကြောင်းသိရသည်။

ဘောလုံးအားကစားပြိုင်ပွဲကို ကျင်းပရာတွင် အသင်း (၁၄) သင်း အုပ်စု (၃) စုခွဲ၍ မနက် (၂ပွဲ ညနေပိုင်း (၂ပွဲ နှုန်းဖြင့် ()ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းသိရသည်။

အမာ (ပြန်/ဆက်)