လပွတ္တာ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စတုဒိသာကျွေးခြင်းကို ယနေ့ ညနေပိုင်းက အမှတ် (၄) အခြေခံပညာ မူလတန်းလွန်ကျောင်းရှေ့၌ လွတ်လပ်ရေးစတုဒိသာထမင်းများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့စတုဒ်သာတွင် ဘဲဥဟင်း၊ သီစုံပဲဟင်း၊ ငံပြာရည်ကျော်နှင့် တို့စရာအစုံတို့ကို လပွတ္တာမြို့နေ အလှူရှင် ဦးမြတ်သူ+ ဒေါ်မေရီသန်းထွန်း (တော်ဝင်) မိသားစုက ကျွေးမွေးလှူဒါန်းခြင်းဖြစ်ပြီး ဒေသခံပြည်သူ ၂၅၃၈ ဦးတို့က စတုဒိသာထမင်းဟင်းများ သုံးဆောင်ခဲ့ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)