မအူပင်အကျဥ်းထောင်တွင် အကျဥ်းသား/အကျဥ်းသူ (၁၄၀)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မအူပင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်အကျဥ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် အကျဥ်းသားအကျဥ်းသူ(၁၄၀)ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အကျဥ်းထောင်ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်း စေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသည့် အတွက် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ အကျဥ်းထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးကျော်သူ နှင့် တာဝန်ရှိသူများက အကျဥ်းသားများအား တွေ့ဆုံ၍ ဆုံးမသြဝါဒစကားများ ပြောကြားပြီး လွတ်ငြိမ်းခွင့်လက်မှတ်များ၊ ထောက်ပံ့ငွေများပေးအပ် ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်