မုံရွာ ဇန်နဝါရီ ၅
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ စိုက်ပျိုးသီးနှံ အမျိုးအစားအလိုက် စိုက်ပျိုးနည်းစနစ်များ သိရှိလေ့လာနိုင်ရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်း ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာမြို့နယ် ဦးစီးမှူးရုံးရှိ မှိုနှင့် အိမ်တွင်းအလှစိုက် ပန်းမန်များ သုတေသနပညာပေးစင်တာရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်လှိုင်ဦး နှင့် တက်ရောက်လာကြသူများမှ ခင်ကျင်းပြသထားသော ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးဝင်းလှိုင်ဦးက သီးနှံစိုက်ပျိုးနည်းစနစ် ဆိုင်ရာ အသိပညာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မုံရွာခရိုင် ဦးစီးမှူး၊ မုံရွာမြို့နယ်ဦးစီးမှူးနှင့် တက်ရောက်လာသော ဝန်ထမ်းများကလည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ စိတ်ပါဝင်စားစွာဖြင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဦးစီးမှူး၊ မုံရွာခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်ဦးစီးမှူး၊ မုံရွာခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်များနှင့် ကျေးရွာ (၇)ရွာမှ တောင်သူပေါင်း (၁၆၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)