ကျောင်းကုန်းမြို့နယ် သရက်ပင်ဆိပ်-လောင်တိုင်း ကွန်ကရစ်တံတားတည် ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

ကျောင်းကုန်း ဇန်နဝါရီ ၅

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်​ ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် (၄၄၂.၅) သန်းဖြင့် ထူးဧကရီကုမ္ပဏီမှ သရက်ပင်ဆိပ်-လောင်တိုင်းတံ တားတည်ဆောက်ခြင်းလုပ်ငန်းအား ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ရေရှည်တည်တံ့​​ကောင်းမွန်စေ ရန်အတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စစ် ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ အရည်အသွေး ထိန်းသိမ်းရေးနှင့်စစ်ဆေးရေးအဖွဲ့မှ ဦးစီးအရာရှိ (မြို့ပြ) ဦးသန့်ဇင်၊ ပုသိမ်ခရိုင်​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာန လက်ထောက် ညွှန်ကြား​ရေးမှူး (မြို့ပြ) ဦး​ကျော်သူမင်းတို့က ကွင်းဆင်းစစ်​ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစီး​ရေးအတွက် လိုက်လံကြည့်ရှုကာ လိုအပ်သည်များမှာ ကြားခဲ့ကြောင်းသိရသည်။ ၎င်းတံတားတည်ဆောက်ပြီးစီးပါက ကျေးရွာ (၃) ရွာ၊ အိမ်ခြေ (၃၉၆) အိမ်၊ လူဦးရေ (၁၅၅၆) ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)