ပေါင်းတည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ၇၆ နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကိုယ်ကာယကြံ့ခိုင်ရေးအတွဲအမှတ် (၃) ပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲ အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက အဖွင့်အမှာစကားပြောကြားရာ၌ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း ပြုလုပ်မှုအလေ့အထများဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ယင်းနောက် အခြေခံပညာကျောင်းများက ကာယနည်းပြများက အမှတ်ပေးဒိုင်များအဖြစ်ဆောင်ရွက်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်းမှ ကျောင်းသူလေးများက ကိုယ်ကာယကြံ့ခိုင်ရေးအတွဲ အမှတ်(၃)ကို အဖွဲ့လိုက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြိုင်ပွဲအပြီး၌ အ.ထ.က(ပေါင်းတည်)က ပထမ၊ အ.ထ.က(မှတ်တိုင်)က ဒုတိယ၊ အ.ထ.က(မြို့မ)က တတိယနှင် အ.ထ.က(မင်းကွက် )က နှစ်သိမ့်ဆုဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆုအသီးသီးကို ၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)