မင်းဘူးမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မင်းဘူး  ဇန်နဝါရီ  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများမှာ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ချောတိုင်တက်၊ ထုပ်စည်းထိုး၊ ခေါင်းအုန်းရိုက်၊ သံဗုံးတီး၊ မုန့်စား၊ Small Goal ကန်ခြင်း၊ အပြေး မီတာ ၁၀၀၊ ၅၀၀ စသော ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော အသင်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် တာန်ဝန်ရှိသူများက  ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

‌ဇေယျာထက်(မင်းဘူး)