မင်းတုန်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက် (၈) မှ စ၍ မြို့မအားကစားကွင်းတွင် ကျင်းပရာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထိုသို့ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ခေါင်းအုန်းရိုပ်ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်း၊ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ကြက်တောင်၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)