ချောက် ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပခဲ့သည်။
ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် အလွတ်တန်း အမျိုးသားဘော်လီဘော၊ ဘောလုံး၊ ကြက်တောင်ရိုက်၊ လွန်ဆွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများနှင့် အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲများအပြင် မီတာ၁၀၀၊ မီတာ၂၀၀၊ မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်၊ အမြင့်ခုန်၊ အလျားခုန်၊ သုံးဆင့်ခုန်ပြိုင်ပွဲ (၁၃)မျိုးတို့ကို ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ ယှဥ်ပြိုင်ကစားကြရာ ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေဖြိုးဇော်၊ အဖွဲ့ဝင်(၂)ဦးအေးမင်းထွန်း၊ အဖွဲ့ဝင်(၃) ခရိုင်လဝကမှူး ဦးစန်းဝင်း၊ အတွင်းရေးမှူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)