(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများနှင့် စတိတ်ရှိုးစင်တင်တေးဂီတဖျော်ဖြေရေးတီးဝိုင်းတွင် လာရောက်ကြည့်ရှု သူများဖြင့်စည်ကားများပြား

ထားဝယ်  ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ရွှေဝယ်သီရိအားကစားရင်ပြင်၌ ခင်းကျင်းပြသထားသော(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်ပြခန်းများနှင့် စတိတ်ရှိုးစင်တင်တေးဂီတဖျော်ဖြေရေးတီးဝိုင်းတွင် ယမန်နေ့ညနေပိုင်းက လာရောက်ကြည့်ရှုသူဒေသခံပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

၂၀၂၄-ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြခဲ့ကြပြီးလာရောက် ကြည့်ရှုသူများအား ည ၂၂ နာရီအထိ တေးဂီတများဖြင့် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိသည်။

ပြခန်းများအတွင်း၌ ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှုပြကွက်များနှင့်မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့် လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသောဒေသထွက်ကုန်များ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများနှင့် တူရိယာပစ္စည်းများ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများ ပြသထားသည့်အပြင် လာရောက်ကြည့်ရှုသော ပြည်သူလူထုများအား ကျန်းမာရေးဌာနပြခန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)