ကရသူရိ ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ဗိုလ်လုပွဲစဉ် ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းမှစ၍ကျင်းပခဲ့ပြီး ညနေ ၅ နာရီတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အားကစား ဝါသနာရှင်များအနေဖြင့် အုပ်စုအလိုက်သော်လည်းကောင်း၊ အသင်းအလိုက်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း ယှဉ်ပြိုင်ကစားရာတွင် စည်းကမ်းကောင်းမွန်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် သေသပ်လှပစွာကစားကြရန်တို့ကိုမှာကြားသည်။ ထို့နောက် ဗိုလ်လုပွဲစဉ်များဖြစ်သည့် အမျိုးသား(လူကြီး) ဘော်လီဘောပွဲစဉ်အားလည်းကောင်း၊ အမျိုးသား (လူငယ်)ဘောလုံးပွဲစဉ်နှင့် တစ်ဦး/တစ်ယောက်ချင်း ယှဉ်ပြိုင်ကစားနည်း စသည့်တို့ကို ကျင်းပပြုလုပ်ရာ ပွဲကြည့်ပရိတ်များက အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် အမျိုးသား(လူငယ်) ဘောလုံးအစားကစားပြိုင်ပွဲ (အသင်းလိုက်) ပထမဆုကို နယ်မြေစခန်းမှူးကလည်ကောင်း၊ အမျိုးသား(လူကြီး) အသင်းလိုက် ဘော်လီဘောပြိုင်ပွဲ ပထမဆုကို မြို့အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ တစ်ဦး/တစ်ယောက်ချင်း ဆုရရှိသူများ၊ ဒိုင်လူကြီးများ၊ သေသပ်လှပပြီး စည်းကမ်းကောင်းမွန်သည့် ကစားသမားများအား သက်ဆိုင်ရာအဖွဲ့အစည်းများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)