စေတုတ္တရာမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

စေတုတ္တရာ ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်သည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ယနေ့နံနက်ပိုင်းက  အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၏ လမ်းညွှန်မှုဖြင့် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီတို့မှ လွတ်လပ်ရေးနေ့ ကျောင်းသား၊ ကျောင်းသူများနှင့် လုပ်သားပြည်သူများ ကျန်းမာပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ (၁) ရက်နေ့ မှ (၄) ရက်အထိ အပြေးပြိုင်ပွဲ၊ ပူစီဖောင်း ဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ‌‌ဘောလုံးပြိုင်ပွဲများ၊ ဖူဆယ်(ဘောလုံး)၊ ပိုက်ကျော်ခြင်း၊ သံပြားပစ်၊ ဘောလီဘောပြိုင်ပွဲများ အစရှိသည် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ ရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ (၇၆) နှစ်မြောက် အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးကော်မတီ၊ ဆပ်ကော်မတီတာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)