သရက်ချောင်း ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်းဝင်း ကွင်းပြင်၌ ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အမျိုးသား/အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်၊ ကွမ်းသီးကောက်၊ အပ်ပေါက်ထိုး၊ ဂုန်အိတ်စွပ်၊ ခြေတစ်ဖက်ထောက်ပြိုင်ပွဲ အားကစားနည်းများကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့များနှင့် အားကစားဝါသနာရှင်များက စည်းကားစွာ အားပေးခဲ့ကြပြီးနောက် အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)