လှိုင်းဘွဲ ဇန်နဝါရီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီးတို့၏ ကြိုးပမ်းရယူခဲ့သော လွတ်လပ်ရေးကို တန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်ကြရန်၊ အမျိုးသားခေါင်းဆောင်ကြီးတို့၏ အတုယူလေးစားရမည့် စိတ်ထားများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်တို့သည် အခြေခံ ပညာများ၊ အတတ်ပညာများ၊ နည်းပညာများကို ကြိုးစားလေ့လာသင်ယူရမည်ဖြစ်ကြောင်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ချက်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးရုံးနှင့်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်း ကြောင်း၊ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော နိုင်ငံသားများ ဖြစ်လာစေရန် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် အမျိုးသား ခေါင်းဆောင်ကြီးတို့၏ ဆောင်ရွက်ချက်များ၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေးကို လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား အားလုံး လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)