ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရွှေတောင် ဇန်နဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ရွှေတောင်မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မုဒိတာစာဖတ်ဝိုင်းအဖွဲ့ဝင် ဆရာကြီးဦးမြင့်ဦး (မိတ္တ-ရွှေတောင်)က လွတ်လပ်ရေးနေ့ဖြစ်ပေါ်ပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အနှစ်သာရများကို ကျောင်းသား၊ကျောင်းသူလေးများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှု မှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)