အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

အုတ်တွင်း ဇန်နဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိမှတ်ဖွယ်ရာများ၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ စသည့်သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကိုလည်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်း (ပြန်/ဆက်)