စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မုံရွာမြို့တွင် ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ကျင်းပပြုလုပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများ တောင်သူများသို့ ရောင်းချခြင်းပြုလုပ်

မုံရွာ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ်များသိရှိစေရန်နှင့် တစ်ဧက အထွက်နှုန်းပိုမိုရရှိပြီး ဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားဓါတ်မြေဩဇာများအား တောင်သူများသို့ ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  စိုက်ပျိုးရေးဦးစီးဌာန၊   မုံရွာမြို့နယ်ဦးစီးမှူးရုံးရှိ မှိုနှင့်အိမ်တွင်းအလှစိုက် ပန်းမန်များ သုတေသနပညာပေးစင်တာရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာများနှင့်စပ်လျဥ်း၍ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စိုက်ပျိုးနည်းစနစ်အလိုက် နည်းပညာပေးလုပ်ငန်းများအား စာတွေ့လက်တွေ့ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲကို (၁)ရက်တာ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ကျေးရွာ(၇)ရွာမှ တောင်သူ (၆၈)ဦးနှင့် မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လာရောက်တောင်သူများအတွက် ယူရီးယား ဓါတ်မြေဩဇာအိတ်များအား သတ်မှတ်ဈေးနှုန်း အတိုင်းဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)