ကျွန်းလှ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အားကစားနှင့် ကာယပညာကော်မတီကကြီးမှူး၍ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက ရွှေကျွန်းမြေ အားကစားကွင်း၌ကျင်းပကြောင်းသိရသည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲများအဖြစ် အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀နှင့် မီတာ ၂၀၀၊ အာလူးကောက်၊ ပူပေါင်းဖောက်၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ အလျားခုန်၊ စက်ဘီးအနှေးစီးပြိုင်ပွဲ များကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းထံမှသိရသည်။
ထို့နောက် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် အားကစားသမားများအား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူတို့ ငွေသားဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ