မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ထနီးအခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

မအူပင် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ထနီးအ‌ခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (‌၂)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ထနီးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးက လွတ်လပ်ရေး‌နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများအား အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဆရာကြီးဦးကျော်ဦး (လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)မှ “မှတ်ဉာဏ်ကောင်းအောင်ဘယ်လိုလုပ်မလည်း”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ထနီးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာဆရာမများ တက်ရောက်ခဲ့ကြပြီး ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား တာဝန်ရှိသူများက ရှင်းလင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)