တောင်ငူမြို့၌ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မိုင်ဒါကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက အဖွင့်မိန့်ခွန်းပြောကြားပြီး မြို့မိမြို့ဖ ဦးယဥ်ဌေးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဉာဏ်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်သန်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီလွင်စိုး၊ တောင်ငူတပ်နယ်စစ်ဦးစီးပထမတန်း ဒုတိယဗိုလ်မှူးကြီး သက်မောင်မောင်၊ မြို့မိမြို့ဖဦးယဥ်ဌေးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဌာနဆိုင်ရာပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုကြသည်။

တောင်ငူမြို့၌ (၇၆)ကြိမ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကြီးကို မိုင်ဒါကွင်း၌ ဇန်နဝါရီ ၂  ရက်နေ့မှ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများအဖြစ် ပြေးခုန်ပစ်ပြိုင်ပွဲ၊  ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ခြင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ မီနီမာရသွန်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ဘဲဖမ်းပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲတို့ကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)