ကလေး ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်များ ဦးစွာပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပုံဆွဲပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကို ကျင်းပ၍ တာဝန်ရှိသူများမှ ဆုများပေးအပ်ခဲ့ကြသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Showများ၊ စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)