ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဝေငှ

ငွေဆောင် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဝေငှခြင်းများအား ယနေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းမှ Grade – 5 ကျောင်းသား/သူလေးများအား ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ လွတ်လပ်ရေးဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်း၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းကြခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ထို့နောက် လွတ်လပ်ရေးနေ့နှင့်ပက်သက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတ ကျယ်ပြန့်လာစေရန်ရည်ရွယ်ကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဝေငှခြင်း၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော သုတ၊ ရသစာအုပ်၊ စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ (ဗိုလ်ချုပ်အောင်ဆန်း ၂၀..၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်)၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄..၂၀၂၃ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်နှင့် မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေးဆိုသည်မှာ ကဗျာများပါဝင်သည်။

R – 014( ငွေဆောင်)