ကျောင်းကုန်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ကျပန်း၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က "လွတ်လပ်ရေးနေ့ မမေ့သင့်ပေ" ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး၊ လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းဆင့်ကျပန်း နှင့်ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး၊မူလတန်းဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲအပြီးတွင် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင် ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)