အမာ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများကို အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ဦးဆောင်ပြီး ဇန်နဝါရီလ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ အပြေးပြိုင်ပွဲများ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ အင်္ကျီအမှန်ဝတ်ပြိုင်ပွဲ၊ ဘောလုံးအားကစားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ထုပ်စီးထိုးပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အထိ ကစားနည်းများခွဲ၍ ကျောင်းသား/ကျောင်းသူများမှ ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်းနှင့် ဆုရရှိသူများကို ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းထံမှ သိရသည်။
အမာ(ပြန်/ဆက်)