တမူး ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ဇန်နဝါရီလ (၃) ရက်နေ့ နံနက်(၉း၃၀) နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးဝင်းနိုင်က အမှာစကားပြောကြားခဲ့ပြီး တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီဇော်က သူ့ကျွန်မခံလိုသောစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့ပုံများ၊ အဖိုးတန်သောလွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်သိမ်းရမည့် အကြောင်းအရာများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးအနက်ထားရန်နှင့် မမေ့မလျော့ကြရန်တို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းထိုက်အောင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးပြုရေး ဗဟုသုတတိုးပွားရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကို ဖတ်ရှုလေ့လာကြရန်တို့ကိုလည်းကောင်း ဒုတိယဦးစီးမှူးဒေါ်မာမာဝင်းက စာကြည့်တိုက်အမျိုးအစားများနှင့် ရည်ရွယ်ချက်များကိုလည်းကောင်း ဟောပြောခဲ့ကြပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များကို လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ နှင့်ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရတနာ