စစ်ကိုင်း ဇန်နဝါရီ ၃
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ဇန်နဝါရီ(၃)ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်မိုး၊ ဒေါ်ဥမ္မာဝင်း၊ ဒေါ်ထက်ထက်လင်းတို့က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး၏အနှစ်သာရများ၊ လူငယ်/လူရွယ်များ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုမခံရစေရန် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကလေးငယ်များအား ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ဆေးရောင်ခြယ်ပြိုင်ခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ခြင်း၊ စကားပုံဆက်ပြိုင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များက တစ်ပျော်တစ်ပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်ခဲ့ကြသည့် ကလေးများအား တာဝန်ရှိသူများက အမှတ်တရပစ္စည်း လက်ဆောင်ပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မှတ်တမ်းများ၊ အသိပညာပေးဆောင်ရွက်မှုမှတ်တမ်း နံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ ဗဟုသုတရရှိစေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အခါအားလျော်စွာ Talk Show များ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်