ထားဝယ် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မွေးမြူရေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းအနီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင် မွေးမြူရေးတိရစ္တာန်များအား ကြည့်ရှုအားပေးပြီးအကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
ပြိုင်ပွဲတွင်မွေးမြူရေးပြိုင်ရှင်များက ဆိတ်အလှ(၁၃)ကောင်၊ နွားသိုး(၁၃)ကောင်၊ နွားမ(၁၀)ကောင်၊ ဝက်(၁၇)ကောင်အား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)