ပိုင်ကျုံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  အထက်ပိုင်ကျုံ  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပိုင်ကျုံ  ဇန်နဝါရီ  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထက်ပိုင်ကျုံ ကွန်ကရစ် လမ်းသစ်အား ယနေ့ နံနက်ပိုင်းက ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလမ်းသည် ပိုင်ကျုံမြို့၊  အမှတ်() ရပ်ကွက်နှင့် အမှတ်() ရပ်ကွက်တို့ ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေးနှင့် မြို့သာယာလှပ‌ရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံ ငွေကျပ် (၄၉၉.၈) သန်းဖြင့် အရှည်(၆၅၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၆)လက်မရှိကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အမှတ်(၂) တပ်နယ်မှ တပ်နယ်မှူးတို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)