ညောင်တုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်တုန်း ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့၌ ကျရောက် မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း များ၌ ဖြန့်ဝေ‌ပေးခဲ့သည်။

အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း (၂၀.၁.၁၉၄၆)ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄.၁.၂၀၂၃)ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား‌ရေးဦးတည်ချက်များ၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်၊ မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေးဆိုသည်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကဗျာနှင့် ကာတွန်းများပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)