အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးပြိုင်ပွဲ ကျင်းပ

အောင်လံ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စက်ဘီးအားကစားဆပ်ကော်မတီမှ ကျင်းပရာ အဆိုပါပြိုင်ပွဲကို တရော်ကုန်းရပ်ကွက် ပြည်လမ်းမကြီး ၁၁ လမ်းထိပ်မှ အောင်လံ-ကျော်စွာ- အောင်လံအသွားအပြန်မိုင် (၅၄)မိုင် တာဝေးစက်ဘီးပြိုင်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ တာဝေးစက်ဘီးပြိုင်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက သေနတ်ပစ်ဖောက်၍ ပြိုင်ပွဲအား စတင်တာလွှတ်ခဲ့ပြီး နံနက် ၈ နာရီ ၄၅ မိနစ်ချိန်စတင်ပန်း ဝင်လာသူများအား တာဖမ်းခဲ့သည်။ ထိုနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စက်ဘီး ဆပ်ကော်မတီအဖွဲ့တို့မှ တာဝန်ရှိသူများက ပထမဆု ကိုမျိုးကြီး၊ ဒုတိယဆု ကိုကျော်လွင်ဦး၊ တတိယဆု ကိုမွန်လေး၊ စတုတ္ထဆု ကိုကျော်ကြီး၊ ပဉ္စမဆု ကိုငယ်တို့အား ဆုတံဆိပ်နှင့် ဆုငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲတွင်ပန်းဝင်လာ သူအားလုံးကို ဇွဲဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)