ဖျာပုံ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထက (၂)ကျောင်းတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေး ၏ အနှစ်သာရနှင့် လွတ်လပ်ရေး၏ တန်ဖိုးကို အမြတ်တနိုး အလေးထားတန်ဖိုးထားတတ် စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ်သည်။
အသိပညာပေး ဟောပြောပွဲတွင် ဖျာပုံမြို့ အထက (၂)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ် မာမာကြိုင်က အမှာစကားပြောကြားပြီး ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောသည်။ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေးပေးကြရာ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်လွတ်လပ် ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၄-၁- ၂၀၂၃) ရက်နေ့ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်ကြောင်း ဆောင်းပါး၊ ကာတွန်းနှင့် ကဗျာ စသည့် အကြောင်းအရာများ ပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)