မြောင်းမြမြို့ အ.ထ.က (ခွဲ) အ-လ-က(၁) ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြောင်းမြ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က (ခွဲ) အ-လ-က(၁) ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့်အလေ့ အထများ ရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့  နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် “ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ထက်ထက်ဝင်းမှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။      

အဆိုပါ ဟောပြောပွဲတွင် ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝ လာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊  ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)