နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်း ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအား ဆုပေးပွဲကျင်းပ

နတ်မောက် ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာကြီး၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် ကျောင်းသား/သူလေးများ၏ ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးမှ ကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလယ်တန်းနှင့် မူလတန်းရှိ ကျောင်းသား/သူလေးများက စုံညီပွဲတော်တို့နွှဲပျော်၊ ဦးရွှေရိုးနှင့် ဒေါ်မိုးစသည့် တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေပေးခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အာလူးကောက်၊ အပ်ချဉ်ထိုး၊ ပူပေါင်းဖောက်၊ ဇကောရွက်၊ ထုပ်စည်းတိုး၊ ထိုင်ခုံလု၊ အပြေးပြိုင်ပွဲစသည့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူလေးများကို ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာ/မများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ အဆိုပါဆုပေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

လှဝင်း