အထက်မင်းလှ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈) နာရီခွဲက မြို့နယ်အားကစားကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့တွင် ကျင်းပခဲ့သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် မူလတန်းအဆင့် ကျား မီတာ၇၅၊ ၁၀၀အပြေးပြိုင်ပွဲ၊ မီတာ ၅၀ ပူစီပေါင်းဖောက်အပြေးပြိုင်ပွဲ၊ အလယ်တန်းအဆင့် မီတာ ၇၅ ၊ ၁၀၀အပြေးပြိုင်ပွဲ ၊ထုတ်စည်းထိုးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲများ ကျင်းပယှဥ်ပြိုင်ခဲ့သည်။ မူလတန်း၊ အလယ်တန်းအဆင့် ကျား/မအပြေးပြိုင်ပွဲ၊ ထုတ်စည်းထိုးပြိုင်ပွဲ၊ ပူစီပေါင်းဖောက်အပြေးပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဘော်လီဘောပြိုင်ပွဲတွင် အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာများပါဝင်သည့်အသင်း (၅) သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များမှ ဆုရရှိသူများကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)