မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်၊ လူရွယ်လေးများအား ကျန်းမာကြံ့ခိုင်စေခြင်း၊ အားကစားစိတ်ဓာတ်မြင့်မားစေခြင်း၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးကာ စည်းလုံးညီညွတ်စွာ လုပ်ကိုင်တတ်စေရန် အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပွဲများမှာ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ထုပ်စည်းထိုး၊ အပြေး မီတာ ၁၀၀၊ ၅၀၀ နှင့် ဆန်ကောရွက်၊ သံဗုံးတီး၊ မုန့်စား၊ Small Goal သွင်းခြင်းစသော အားကစားနည်းများအား ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းက ပြောသည်။
ဇေယျာထက်(မင်းဘူး)