တမူး၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အ.ထ.က (ခွဲ) တွင် ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ( ၂) ရက်နေ့ နံနက်( ၉)နာရီ အချိန်က အဆိုပါကျောင်းရှိ အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် အမျိုးသား/အမျိုးသမီး မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ဆန်ကောရွက်၊ အပ်ထိုး၊ ခြေပူး၊ အာလူးကောက်၊ ပူပေါင်းဖောက်၊ မုန့်ကိုက်၊ လှံတံပစ်၊ သံလုံးပစ်၊ သံပြားပစ်ပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ဆုရကြသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးစုံညီပွဲတော် ကျင်းပမည့် ဇန်နဝါရီလ( ၈)ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဦးကျော်သူရ
တမူးခရိုင် (ပြန်/ဆက်)