အရာတော် ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ (၂) လမှ (၁၀) နှစ် ကလေးများကို ပုံမှတ်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၁ ရက် နံနက် ၇ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းကို ပြည်သူ့ဆေးရုံရှိ ဆာဆာကာဝါခန်းမ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ပြည်သူ့ကျန်းမာရေးရုံးရှေ့တို့တွင် စုရပ်များခွဲပြီး ထိုးပေးလျက်ရှိကြောင်း၊ သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန် တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုး ရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
စိုးဝေအောင်
မြို့နယ် (ပြန်/ဆက်)