မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မော်လမြိုင်ကျွန်း၊ ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ဦးတည်ချက်များ၊ ပြည်တွင်း စည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ် ဆိုသည့်ဆောင်းပါး၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့တွင် ပေးပို့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ လွတ်လပ်ရေးနေ့သရုပ်ဖော်ပုံ စသည့်အကြောင်းအရာများပါဝင်ပြီး၊ ကျောင်းသား/သူ၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရ နေ့ထူးနေ့မြတ်တို့ကို မမေ့လျော့ဘဲ အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး၊ နိုင်ငံ့အကျိုးပြုလူငယ်၊ လူရွယ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များစုစုပေါင်း(၄၅၀) ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)