မော်လမြိုင်ကျွန်းမြို့နယ်၌ အသစ်တည်ဆောက်လှူ ဒါန်းသော မီးသင်္ဂြိုလ်စက်အတွက်လှူဒါန်းမှု အစုစုအား ရေစက်သွန်းချအမျှပေးဝေခြင်းအခမ်း အနားပြုလုပ်

မော်လမြိုင်ကျွန်း၊ ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အသစ်တည်ဆောက်လှူဒါန်းသော မီးသင်္ဂြိုလ်စက်အတွက်လှူဒါန်းမှု အစုစုအား ရေစက်သွန်းချအမျှပေးဝေခြင်းအခမ်းအနားကို တယ်ချောင်းကျေးရွာအုပ်စု၊ နတ်မင်းကြီးကျေးရွာရှိ သုဿာန်၌ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ (၃) နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ပုညဝဎ္ဓုနပရိယတ္တိစာ သင်တိုက်မဟာသဒ္ဓမ္ဇဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဦးဇောတိကထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တရားတော်များနားယူ၍ ဝတ္ထူငွေများဆက်ကပ်လှူဒါန်းခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်ဖွံ့ဖြိုးရေးကိစ္စရပ်များ လျှောက်ထားပြီးနောက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ မီးသဂြိုလ်စက်အတွက် အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်းမှာ ကျပ်သိန်း (၈၅,၀၀၀,၀၀၀) ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)